Dear Rti ပို့စကတ်ဖြင့် ခံစားချက်များကို ပေးပို့မည်ဆိုင်ရာ ပြိုင်ပွဲဝင်လက်ရာများ စုဆောင်းသည့် အစီအစဥ်သည် Rti 95 နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် ပြုလုပ်သော အထူးပရောဂျက်တစ်ခု ဖြစ်ပါသည်။
Rti 95 နှစ်မြောက်မွေးနေ့တွင် ကျွန်ုပ်တို့အနေဖြင့်လည်း လေလှိုင်းချစ်သူများနည်းတူ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ဆုတောင်းတစ်ခုကို တောင်းလိုပါသည်။ ကျွန်ုပ်တို့မှ ကမ္ဘာတစ်ဝှမ်းရှိ လေလှိုင်းချစ်သူများကို ပေးပို့ရန် တောင်းခံလိုက်သည့် ပို့စကတ်များသည် အချိန်တိုအတွင်းမှာပင် စိတ်အားထက်သန်မှုနှင့် ပြင်းပြမှုစသည့် တုံ့ပြန်မှုမျိုးကို လက်ခံရရှိခဲ့ပါသည်။ မတူညီသော ဘာသာစကားမျိုးစုံဖြင့် ဆုတောင်းစကားများ ရေးသားထားသော ထောင်ပေါင်းများစွာသော ပို့စကတ်များသည် ပင်လယ်သမုဒ္ဒရာကြီးများကို ဖြတ်ကျော်ပြီး ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ လေလှိုင်းချစ်သူများမှ စိတ်နှလုံးအပြည့်ဖြင့် Rti မွေးနေ့အတွက် ကိုယ်တိုင်ပုံဖော် ရေးသားထားသော ဆုတောင်းစကားများပါရှိသော ပို့စကတ်များကို ပေးပို့လိုက်ခြင်းသည် ကြီးမားသော စိတ်စွမ်းအင်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဤကဲ့သို့သော ထိမိသော စကားလုံးများကို ဖတ်ရှုပြီးနောက် နွေးထွေးပြီး မမေ့နိုင်သော အခိုက်အတန့်များကို ရရှိခဲ့သည်မှာ အမှန်ပါပင်လို့ ပြောလိုပါသည်။
နိုင်ငံနဲ့ ဒေသပေါင်း ၅၆ ခုမှ ပေးပို့လာကြသည့် ပို့စကတ်များကိုလည်း ဘာသာစကားအမျိုးအစားအလိုက် ခွဲခြားပေးထားပါသည်။ ကျေးဇူးပြု၍ ဘာသာစကားကို စိတ်ကြိုက်ရွေးချယ်ပြီး ဖတ်ရှုခံစားပေးပါ။
(ရုပ်ပုံများမှာ မူပိုင်ခွင့်များနှင့် သက်ဆိုင်နေပါသဖြင့် အွန်လိုင်းပြပွဲတွင် ပါဝင်ဆင်နွှဲသူများမှ ရေးသားထားသော အကြောင်းအရာများကိုသာ ဖော်ပြထားပါသည်။)