ပေးပို့လာသည့်ပြိုင်ပွဲဝင်လက်ရာများကို ၁၀/၃၁ (အောက်တိုဘာလ ၃၁ရက်နေ့) ထိ လက်သင့်ခံပေးသွားမှာဖြစ်လို့ အားလုံးတူတူ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
※ ပါဝင်ယှဥ်ပြိုင်ခြင်းအတွက်ထပ်တိုးဆု – ပါဝင်ယှဥ်ပြိုင်သူအားလုံး ရေဒီယိုထိုင်ဝမ်အင်တာနေရှင်နယ်မှ အထူးထုတ်လုပ်ထားသော နှာခေါင်းစည်း (၂ ခု) တစ်ဘူးကို ရရှိရန် အခွင့်အရေးရှိမှာဖြစ်ပါတယ်။
ဟယ်ရီပေါ်တာ၏ ပဟေဠိဆန်သော မှော်ကမ္ဘာမှာ ဓာတ်ပုံတွေဟာ သက်ဝင်ရွေ့လျားမှုရှိသလိုမျိုး လက်တွေ့ကမ္ဘာလောကမှာလည်း အလားတူ ဓာတ်ပုံများကို သက်ဝင်လှုပ်ရှားစေနိုင်တဲ့ အစွမ်းအဆများရှိလို့နေပါတယ်။ ဓာတ်ပုံများကို “ရွေ့လျားနိုင်ခြင်း” ဆိုတဲ့ မျက်လှည့်ဟာ သိပ်ပြီး အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ အကြောင်းကတော့ ရေဒီယိုထိုင်ဝမ်အင်တာနေရှင်နယ်က ဒီတစ်ခေါက်မှာ ပုံမှန်မျက်လှည့်ပြကွက်တစ်ခုကို အရင်ကထက် အဆင့်ပိုမိုမြှင့်တင်ပေးမှာမို့လို့ပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ဓာတ်ပုံတွေကို “အသံထွက်လာစေခြင်း” ပဲဖြစ်ပါတယ်။ သင်တို့ရဲ့ “အသံ” နဲ့ “ဓာတ်ပုံ” တွေကို ကျွန်ုပ်တို့ထံ ပေးပို့လိုက်ပါ။ ရေဒီယိုထိုင်ဝမ်အင်တာနေရှင်နယ်က မှော်အစွမ်းထည့်သွင်းပေးပြီး သင့်ရဲ့ အနက်အဓိပ္ပါယ်ပြည့်ဝနေတဲ့ ဓာတ်ပုံတွေကို သင့်ရဲ့ သွင်းထားတဲ့ အသံတွေနဲ့အတူ စနစ်တကျပေါင်းစပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ပိုင်း အသံ၊ ရုပ်လွှာတွေနဲ့ သက်ဆိုင်တဲ့ ပြပွဲတွေမှာ ဒါတွေကို “အသံပို့စကတ်” များအဖြစ် ပြောင်းလဲပေးမှာဖြစ်တဲ့အတွက် မှော်တံမြက်စည်းထက် ပိုပြီး မိုက်လို့နေမှာပါ။ ဒါကြောင့် ကျွန်ုပ်တို့နှင့်အတူတကွ ခရီးထွက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်ကတည်းက စတင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခရီးသွားလာခွင့်တွေကို ပိတ်ပင်လိုက်ကြတဲ့အတွက်ကြောင့် ကျွန်ုပ်တို့အားလုံး ပြည်ပနိုင်ငံတွေကို စိတ်တိုင်းကျ သွားရောက်လည်ပတ်နိုင်ခွင့်မရှိတော့ပါဘူး။ ကျွန်ုပ်တို့အားလုံး ကပ်ရောဂါကာကွယ်တားဆီးရေးကို ကြိုးစားအကောင်အထည်ဖော်နေချိန်မှာလည်း ကျွန်ုပ်တို့အနေနဲ့ ပြည်ပနိုင်ငံများကို အမှန်တကယ်သွားရောက်သလိုမျိုး ခံစားမှုအတွေ့အကြုံတွေကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ယခုလှုပ်ရှားမှုဟာ သင့်အနီးတဝိုက်မှာရှိတဲ့ “ရွေးလျားသံ” နဲ့ ပတ်သက်ပြီး စုဆောင်းရမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ အနီးတဝိုက်မှာရှိတဲ့ “ရွေ့လျားသံ” ဥပမာ။ ယာဥ်သံ၊ လူသံ၊ ပတ်ဝန်းကျင်သံ အစရှိတဲ့အသံများကို အသံသွင်းထားစဥ်က ရိုက်ကူးထားတဲ့ဓာတ်ပုံများနဲ့ ပေါင်းစပ်ပေးလိုက်မှာဖြစ်ပြီး သင့်ရဲ့ဘေးနားကို ချက်ချင်းရောက်ရှိသွားသလိုမျိုး ခံစားချက်များနဲ့အတူ ကျွန်ုပ်တို့ အတူတကွ ခရီးထွက်ကြမှာပဲဖြစ်ပါတယ်။ နောက်ပိုင်း အသံ၊ ရုပ်လွှာတွေနဲ့ သက်ဆိုင်တဲ့ ပြပွဲတွေမှာ အခြားသူများရဲ့ အသံပို့စကတ်များနဲ့လည်း အတူတကွ ကမ္ဘာအနှံ့ကို လည်ပတ်ဖို့ သင့်ကို ဖိတ်ခေါ်လိုက်ပါတယ်နော်။