နာမည်စာရင်းပေးသွင်းခြင်းနှင့် အသေးစိတ်အချက်အလက်များ
-
၁။ ယှဥ်ပြိုင်ခွင့်ရှိသောသူများ
- နိုင်ငံအသီးသီးမှ နိုင်ငံသားတိုင်း ယှဥ်ပြိုင်နိုင်သည်။ (သို့သော် ဖန်တီးမှုလက်ရာ၏ မိတ်ဆက်သည် ကျွန်ုပ်တို့ရေဒီယိုဌာနတွင်ရှိသော ဘာသာစကားတစ်မျိုးမျိုးဖြစ်ရမည်။)
- နိုင်ငံတိုင်း၏ သတ်မှတ်ထားသော တရားဝင်အသက်အထက်ရှိသူတိုင်း ယှဥ်ပြိုင်နိုင်သည်။
-
၂။ အမည်စာရင်းပေးသွင်း (လျှောက်လွှာပုံစံတင်သွင်း) ရမည့်ရက်စွဲနှင့် နည်းလမ်းများ
-
၃။ စုဆောင်းမှုဆိုင်ရာ အသေးစိတ်ရှင်းလင်းဖော်ပြချက်
-
အသံဖိုင် –
- အသံဆောင်ပုဒ် – “ရွေ့လျားသံ”၊ ဥပမာ။ ယာဥ်သံများ၊ ရွေ့လျားနေစဥ်အတွင်း၌ ဖြစ်ပေါ်လာသည့် ဘေးပတ်ဝန်းကျင်မှ လာသောအသံများ၊ လူသံများအားလုံး အကျုံးဝင်ပါသည်။ ဘာသာစကားကန့်သတ်ချက်မရှိ (စာဖြင့်ရှင်းလင်းဖော်ပြချက်တွင် ယခုပြိုင်ပွဲတွင် သတ်မှတ်ထားသော ဘာသာစကားဖြင့်သာ ရှင်းလင်းဖော်ပြရမည်။)
- အသံကြာမြင့်ချိန် – ၁၅ စက္ကန့် မှ စက္ကန့် ၆၀ ထိ။
- အသံဖိုင်ပုံစံ – mp3 ၊ wma သို့မဟုတ် wav ။
- အသံဖိုင်ဆိုဒ် – ၁၀ MB နှင့် အောက်။
- ပြန်လည်တည်းဖြတ်နိုင်ရမည်။ အထူးသတိပြုလိုသည်မှာ မိမိကိုယ်ပိုင်မှတ်တမ်းတင်ထားသော အသံဖိုင်များကိုသာ အသုံးပြုရမည်။
-
ရုပ်ပုံဖိုင် –
- သွင်းထားသည့် အသံဖိုင် အကြောင်းအရာနှင့် ကိုက်ညီမှုရှိရမည့်အပြင် မိမိကိုယ်တိုင် ဖမ်းယူရိုက်ကူးထားသောဓာတ်ပုံ (၃ ပုံ အတွင်း) ဖြစ်ရမည်။
- အလျားလိုက် သို့မဟုတ် ဒေါင်လိုက် ဟူ၍ ကန့်သတ်ချက်မရှိပါ။
- ဖိုင်အမျိုးအစား – JPG ၊ PNG သို့မဟုတ် TIFF ။
- ဖိုင်ဆိုဒ် – ၁ MB နှင့် အထက်။
- ပြန်လည်တည်းဖြတ်နိုင်ရမည်။ အထူးသတိပြုလိုသည်မှာ မိမိကိုယ်ပိုင်ရိုက်ကူးထားသော ဓာတ်ပုံများကိုသာ အသုံးပြုရမည်။
-
စာသားဖိုင် –
- စာသားရှင်းလင်းဖော်ပြချက် – အကြောင်းအရာ၊ နေရာ၊ ခေါင်းစဥ်ရွေးချယ်ရသည့်အကြောင်းအရင်းနှင့် ကိုယ်စားပြုခြင်း၏ အနက်အဓိပ္ပါယ်။
- စာသားဘာသာစကား – တရုတ်၊ မင်နန်၊ ဟက်ကာ၊ ကွမ်တုံး၊ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီယား၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ စပိန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ အာရပ်ဘာသာစကားအပြင် အခြားဘာသာစကားများဖြစ်ခဲ့ပါက အထက်တွင်ဖော်ပြထားသော ဘာသာစကား ၁၆ မျိုး တစ်မျိုးမျိုးအဖြစ် ပြောင်းလဲပေးပါရန်။
- စာသားအရေအတွက် – အလုံးရေ ၃၀၀ အတွင်း။
- စာသားဖိုင်အမျိုးအစား – doc ၊ docx ။