📢 ဤလှုပ်ရှားမှုကို ဇူလိုင်လ ၁၈ရက်နေ့အထိ သက်တမ်းတိုးထားပြီး အပိုလက်ဆောင်အစီအစဉ်ကိုလည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
🎁 ပထမ အပိုလက်ဆောင် – ယခုမှ စတင်ပြီး ဇွန်လ ၂၅ရက်နေ့အထိ၊ သင်ပေးပို့လိုသော ပို့စကတ်ကို ဓာတ်ပုံရိုက်ပြီး [email protected] ထံ အီးမေးလ်ပေးပို့လိုက်ရုံဖြင့် အပြင်၌ ဝယ်ယူ၍ မရနိုင်သော Rti မှ အထူးပြုလုပ်ထားသော လက်ဆောင်ကောင်းတစ်ခုကိုလည်း ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိပါတယ်။
🎁 ဒုတိယ အပိုလက်ဆောင် – ဇူလိုင်လ ၇ရက်နေ့မတိုင်မီ ပို့စကတ်ကတ်ပြားကို ပေးပို့သူအနေဖြင့် Rti ၏ ထိုင်ဝမ်အတွက် သီးသန့်ထုတ်လုပ်ထားသော ကင်းဗတ်အိတ်ကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
※ တကမ္ဘာလုံးမှ နားထောင်သူများ တက်ကြွစွာ ပါဝင်ရန် အားပေးသည့်အနေဖြင့် ယနေ့မှစတင်ပြီး [email protected] ကို ပို့စကတ်ကို ဓာတ်ပုံရိုက်ပြီး ပေးပို့နိုင်ပြီ ဖြစ်ပါတယ်။ (အသေးစိတ်အချက်အလက်အတွက် အောက်ပါနည်းလမ်းများကို ဖတ်ရှုလေ့လာပါ။)

Dear Rti, ပို့စကတ်ဖြင့် ခံစားချက်များကို ပေးပို့မည်ဆိုင်ရာ ပြိုင်ပွဲဝင်လက်ရာများ စုဆောင်းသည့် အစီအစဥ်
Dear Rti, မွေးနေ့မှာ ပျော်ရွှင်ပါစေ။
Dear Rti, စစ်ပွဲတွေ အမြန်ဆုံး ပြီးဆုံးပြီး ကမ္ဘာမြေကြီးလည်း အေးချမ်းပါစေလို့ မျှော်လင့်ပါတယ်။
Dear Rti, Radio Taiwan International နဲ့ ကမ္ဘာမြေကြီးကို သင် ဘာများ ပြောချင်ပါသလဲ။
လက်ရှိနိုင်ငံတကာအခြေအနေနှင့် Radio Taiwan International ၏ ၉၅ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ကျွန်ုပ်တို့ရေဒီယိုဌာနမှ ကမ္ဘာတစ်ဝန်းရှိ အင်တာနက်ပေါ်မှ ချစ်သောပရိတ်သတ်များ၏ ပို့စကတ်များကို စုဆောင်းလျက်ရှိပါသည်။ မိမိ၏ သေးငယ်သော ဆန္ဒများနှင့် ကြိုးစားအားထုတ်မှုများကို ကြီးမားသော ဆန္ဒတွေအဖြစ် ပြောင်းလဲပစ်ပြီး Radio Taiwan International ၏ ၉၅ ကြိမ်မြောက် မွေးနေ့ပွဲကို ဂုဏ်ပြုဆုတောင်းပေးရင်း ကမ္ဘာကြီးလည်းငြိမ်းချမ်းပါစေ၊ ဘဝတည်ငြိမ်ရေးအတွက် မျှော်လင့်ချက်နှင့် ကောင်းချီးတွေရကြပါစေ စည်သည်တို့ကိုပါ ရေးချဆုတောင်းမည်။
ပို့စကတ်တစ်ကတ်၊ အတွေးစွမ်းအားတစ်ခု။
သင်ပေးပို့လိုက်သော ပို့စကတ်သည် ကမ္ဘာကြီးမှ မြင်တွေ့၊ ကြားသိခွင့်ကို ရရှိစေည်ဖြစ်သည်။
⭐ထိုင်ဝမ်အနှံ့တွင် ပြသမည်။
⭐Radio Taiwan International ၏ ဂုဏ်ပြုညစာစားပွဲတွင် ပြသမည်။
⭐Radio Taiwan International ၏ ရေဒီယိုအစီအစဥ်တွင် သင်၏ ကောင်းချီးမင်္ဂလာစကားကို ရွတ်ဖတ်ပြမည်။
⭐Radio Taiwan International ၏ ဘာသာစကားအမျိုးမျိုးသော ပလက်ဖောင်းများတွင် အပြန်အလှန်လှုပ်ရှားမှုများ ပြုလုပ်သွားမည်။
ဖော်ပြပါ တောင်းဆိုချက်များနှင့် ကိုက်ညီသော ပို့စကတ်များကို ပေးပို့သောသူများအား Radio Taiwan International မှ ၉၅ ကြိမ်မြောက် သီးသန့်ထုတ်လုပ်ထားသော ပို့စကတ် ၂ ကတ်ကို ရရှိမည်။ ထို့အပြင် ၉၅ ကြိမ်မြောက် သီးသန့်လက်ဆောင်များကို အကန့်အသတ်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။
စတင်ကြပါစို့။
အခုပဲ ဘောလ်ပင်တစ်ချောင်းယူပြီး သင့်ရဲ့ ဆုတောင်းမေတ္တာများကို ချရေးလိုက်ပါ။
ဝင်ရောက်ယှဥ်ပြိုင်ရန်နည်းလမ်း
- ယှဥ်ပြိုင်ခွင့်ရှိသောသူများ
- နိုင်ငံအသီးသီးမှ နိုင်ငံသားတိုင်း ယှဥ်ပြိုင်နိုင်သည်။ (သို့သော် ပို့စကတ်အကြောင်းအရာသည် ကျွန်ုပ်တို့ရေဒီယိုဌာနတွင်ရှိသော ဘာသာစကား ၁၉ မျိုးထဲက တစ်မျိုးဖြစ်ရမည်။)
- ပို့စကတ်ပေးပို့ခြင်းကို လက်ခံမည့်နေ့စွဲနှင့် နည်းလမ်းများ
- ပို့စကတ်ပေးပို့ခြင်းကို လက်ခံမည့်နေ့စွဲ –
ယနေ့မှ စတင်၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ (အင်္ဂါနေ့) အထိ။ (ထိုင်ဝမ်ဒေသစံတော်ချိန်) - အမည်စာရင်းပေးသွင်းရမည့်နည်းလမ်း –
- လက်ခံသည့်အကြောင်းအရာပေါ်မူတည်၍ ပို့စကတ်ကို ရေးသားရမည်ဖြစ်သည်။ (မိမိကိုယ်တိုင် တီထွင်ဖန်တီးထားသော ပို့စကတ်များ သို့မဟုတ် ဝယ်ယူထားသော ပို့စကတ်များ)
- ပို့စကတ်ကို စာတိုက်သေတ္တာအမှတ် P.O. Box 123-199, Taipei 111, Taiwan (R.O.C.) ထံ သို့ ဓာတ်ပုံရိုက်၍ [email protected] ထံ အီးမေးလ်ဖြင့် ပေးပို့ပါ။
- ပို့စကတ်ပေးပို့ခြင်းကို လက်ခံမည့်နေ့စွဲ –
- စုဆောင်းမှုဆိုင်ရာ အသေးစိတ်ရှင်းလင်းဖော်ပြချက်
- ပို့စကတ်အကြောင်းအရာ –
- နာမည်ကြီး အထင်ကရ နေရာများ – ပါရီ အီဖယ်လ်မျှော်စင် ၊ လန်ဒန် ဝက်စမင်စတာ အက်ဗေး ဘုရားရှိခိုးကျောင်း ၊ အမေရိကန် လစ်ဘာတီ ရုပ်တု ၊ ပြင်သစ် လူဗာပြတိုက် ၊ အီတလီ ပီဆာရှိ ယိုင်နေသော မျှော်စင် … စသဖြင့်။
- သဘာဝ ရှုခင်းရှိရာ နေရာများ – ဂျပန် ဖူဂျီတောင် ၊ ဗီယက်နမ် ဟလောင် ပင်လယ်အော် ၊ အမေရိကန် ဂရင်းကင်ညွန် ၊ တောင်အာဖရိက ဂွတ်ဟုပ်အငူ ၊ ဗင်နီဇွဲလားနိုင်ငံ အိန်ဂျယ်လ်ရေတံခွန် … စသဖြင့်။
- ကိုးကွယ်ယုံကြည်မှုများနှင့် ဓလေ့ထုံးတမ်းများ – ထိုင်း လေးမျက်နှာဘုရား ၊ ကမ္ဘောဒီးယား အန်ကောဝပ် ၊ အီဂျစ် ပိရမစ် ၊ အစ်စတန်ဘူ ဟာဂီယာ ဆိုဖီယာ ဗလီဝတ်ကျောင်းတော် ၊ ဗာတီကန်စီးတီး စိန့်ပီတာဘုရားရှိခိုးကျောင်းတော် … စသဖြင့်။
- ယဥ်ကျေးမှုနှင့် လူနေမှုဘဝ – တူရကီ မိုးပျံပူဖောင်းစီးခြင်း ၊ ဥတ္တရရောင်ခြည်ကြည့်ခြင်း ၊ မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးရှိရာတွင် ရေငုပ်ခြင်း ၊ စပိန် ထမင်းပေါင်း ၊ ဂျပန် ဆူရှီ ၊ ဂျာမန်ဝက်ပေါင်ကြော် … စသဖြင့်။
- ပို့စကတ်အကြောင်းအရာ – ကျေးဇူးပြု၍ သင့်ကိုယ်ပိုင်လက်ရေးဖြင့် ရေးသားပါ။ အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။ (စကားလုံးအရေအတွက်သည် ပို့စကတ်၏ ရေးသား၍ရသော နေရာပေါ်မူတည်သည်။)
- နှုတ်ခွန်းဆက်စကားမှာ “Dear Rti, ကျွန်တော်/မ ကတော့ __________ (နိုင်ငံ သို့မဟုတ် မြို့) က __________ (နာမည်အပြည့်အစုံ) ဖြစ်ပါတယ်။”
ဥပမာ – “Dear Rti, ကျွန်မကတော့ စင်္ကာပူနိုင်ငံက ဂရေစ့် ဝူ ဖြစ်ပါတယ်။” - ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ကောင်းချီးပေးစကား။
- ပို့စကတ်ကို ပြန်လည်ပေးပို့ရန် လိပ်စာ နှင့် အင်္ဂလိပ်နာမည် အပြည့်အစုံ။ (ပို့စကတ်ကို ပြန်လည်ပေးပို့ရန်အတွက် ကျေးဇူးပြု၍ ပြီးပြည့်စုံသော လိပ်စာနှင့် အင်္ဂလိပ်နာမည်အပြည့်အစုံကို ဖြည့်သွင်းရေးသားပေးပါ။ အကယ်၍ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်ပါက သီးသန့်ဖောင်ကို ဖြည့်စွက်ပါ။ ဖောင်ဖြည့်စွက်ရန်လင့်ခ် – https://docs.google.com/forms/d/1RqdWnGrEvS9ac555m6yEaCzo4dc4h2B0zkXowvcR-uk ။ အကယ်၍ ဖောင့်ဖြည့်စွက်စွက်ရန် အဆင်မပြေပါက ပြီးပြည့်စုံသော လိပ်စာနှင့် အင်္ဂလိပ်နာမည်အပြည့်အစုံကို [email protected] ဆီသို့ email ဖြင့် ပေးပို့ပေးပါ။
- နှုတ်ခွန်းဆက်စကားမှာ “Dear Rti, ကျွန်တော်/မ ကတော့ __________ (နိုင်ငံ သို့မဟုတ် မြို့) က __________ (နာမည်အပြည့်အစုံ) ဖြစ်ပါတယ်။”
- ပို့စကတ်အကြောင်းအရာ –
သတိပြုရန်
- ပို့စကတ်အကြောင်းအရာများသည် လူမျိုးရေး၊ ဘာသာရေး၊ လိင်အမျိုးအစား၊ နိုင်ငံရေးနှင့် ယဥ်ကျေးမှုအငြင်းပွားဖွယ်ရာခေါင်းစဥ်များကို ရှောင်ကြဥ်ရမည်။ ညစ်ညမ်းအကြမ်းဖက်မှု၊ သွေးထွက်သံယို၊ ကဲ့ရဲ့ရှုတ်ချမှု၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အခြားသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ချိုးဖောက်မှု၊ လူ့ဘောင်အဖွဲ့အစည်း၏ ထုံးတမ်းအစဥ်အလာများကို နှောင့်ယှက်မှု၊ အများပြည်သူနှင့်သက်ဆိုင်သော အစဥ်အလာများကို နှောင့်ယှက်မှုနှင့် လှုပ်ရှားမှုကို ပါဝင်ဆင်နွှဲသူ၏ နေထိုင်ရာနိုင်ငံနှင့် ထိုင်ဝမ်၏ သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်မှု အစရှိသည့် အခြေအနေမျိုး မရှိရပါ။
- ပို့စကတ် သို့မဟုတ် ဆုလက်ဆောင်များ ပေးပို့စဥ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ပါဝင်ဆင်နွှဲသူ ရေးသားပေးပို့ထားသော အချက်အလက်အမှားအယွင်းကြောင့် ဖြစ်ပေါ်လာသော ပို့စကတ် သို့မဟုတ် ဆုလက်ဆောင်များ ပေးပို့ရာတွင် ပျက်စီးခြင်း၊ နောက်ကျမှ ရောက်ရှိခြင်း၊ မှားပို့မိခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း သို့မဟုတ် တခြားသော ပေးပို့မှု မအောင်မြင်ခြင်း၊ ရက်လွန်မှ ပေးပို့ခြင်း၊ ရက်လွန်မှ လက်ခံရရှိခြင်း စသည့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များအတွက် ဝင်ရောက်ယှဥ်ပြိုင်သူတွင်သာ တာဝန်ရှိသည်ဖြစ်သည်။
- ထိုင်ဝမ်၏ ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေး အက်ဥပဒေနှင့်အညီ ပါဝင်ယှဥ်ပြိုင်သူသည် Radio Taiwan International ၏ တရားဝင်ဝဘ်ဆိုက်၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် အများပြည်သူအရှေ့လှုပ်ရှားမှုများတွင် အမည်များ ဖော်ထုတ်ခွင့်ကို သဘောတူရမည်ဖြစ်သည်။
- ဤလှုပ်ရှားမှုနှင့်ပတ်သက်၍ တရားဝင်ဝဘ်ဆိုဒ်တွင်ဖော်ပြထားသော အကြောင်းအရာများသည်သာ အတည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါလှုပ်ရှားမှုကို ဆောင်ရွက်နိုင်ခြင်းမရှိပါက တာဝန်ယူကျင်းပသည့်အဖွဲ့အစည်းမှ မိမိတစ်ဦးတည်း၏ သဘောထားဖြင့် အဆိုပါလှုပ်ရှားမှုကို ဖျက်သိမ်းခြင်း၊ ပြောင်းလဲခြင်း၊ ရပ်စဲခြင်း၊ ပြင်ဆင်ခြင်း ရှင်းပြခြင်း သို့မဟုတ် ယာယီရပ်စဲခြင်းများကို လုပ်ဆောင်ခွင့်ရှိသည်။ ထို့အပြင် အဆိုပါလှုပ်ရှားမှုနှင့် ဆက်စပ်သော ကိစ္စအရပ်ရပ်အားနှင့်ပတ်သက်၍ နောက်ဆုံးရှင်းလင်းခွင့်ကို လက်ဝယ်ထားရှိမည်ဖြစ်သည်။ တာဝန်ယူကျင်းပသည့်အဖွဲ့အစည်းမှလည်း အဆိုပါလှုပ်ရှားနှင့်သက်ဆိုင်သော စည်းမျဥ်းစည်းကမ်းများကို ဖြည့်စွက်ခွင့်၊ ပြောင်းလဲခွင့်နှင့် ရှင်းပြခွင့်များရှိသည်။ အဆိုပါလှုပ်ရှားမှုနှင့်ပတ်သက်၍ ပြောင်းလဲမှုတစ်စုံတစ်ရာရှိခဲ့ပါက ဝဘ်ဆိုဒ်ပေါ်တွင် တရားဝင်ကြေညာထားသည်ကိုသာ အတည်ပြုမည်ဖြစ်သည်။
- ပေးပို့ထားသော ပို့စကတ်များကို ပြန်လည်အပ်နှံမည်မဟုတ်ပါ။
- ပြိုင်ပွဲဝင်ဖန်တီးမှုလက်ရာများ၏ မူပိုင်ခွင့်သည် မူပိုင်ခွင့်ပိုင်ရှင်များ ပိုင်ဆိုင်သလို တစ်ချိန်တည်းမှာပင် Radio Taiwan International အား အခမဲ့လွတ်လပ်စွာသုံးစွဲပိုင်ခွင့်ကိုလည်း သဘောတူရမည်။ ထို့အပြင် ပြိုင်ပွဲဝင်ဖန်တီးမှုလက်ရာများကို ပြင်ဆင်ခြင်း၊ တည်းဖြတ်ခြင်း၊ ပုံတူကူးခြင်း၊ လူသိရှင်ကြား ပြသခြင်း၊ အသံလွှင့်ခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်း၊ ကွန်ယက်ပေါ်တွင် ထုတ်ပြန်ကြေညာခြင်း၊ ကြော်ငြာခြင်း၊ ဖြန့်ဝေခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခွင့်ပြုကြောင်း သဘောတူရမည်။ ထို့အပြင် ကိုယ်ပိုင်မူပိုင်ခွင့်အဖြစ် လက်ကိုင်ပြုခြင်းမပြုကြောင်းကိုလည်း သဘောတူရမည်။
- ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲနှင့် ပတ်သက်၍ သံသယတစ်စုံတစ်ရာရှိပါက ပြိုင်ပွဲမယှဥ်ပြိုင်မီ တာဝန်ယူကျင်းပပေးသည့်အဖွဲ့အစည်းသို့ ဆက်သွယ်၍ အတည်ပြုရမည်။ နာမည်စာရင်းပေးသွင်းပြီးပါက အဆိုပါလှုပ်ရှားမှုနှင့် သက်ဆိုင်သောစည်းမျဥ်းစည်းကမ်းများကို နားလည်သိရှိပြီသည်ဟု မှတ်ယူမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ၏ စာဖြင့်ရေးသားခွင့်ပြုချက်ကို ပြန်လည်ရယူရန်လိုအပ်မည်မဟုတ်ပါ။
- COVID-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် နိုင်ငံအချို့နှင့် ထိုင်ဝမ်အကြားတွင် စာပို့လမ်းကြောင်း ပြတ်တောက်သွားပါသဖြင့် ကျွန်ုပ်တို့ ရေဒီယိုဌာနမှ ဆုလက်ဆောင်များကို ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး စာပို့လမ်းကြောင်း ပုံမှန်ပြန်လည် လုပ်ဆောင်သည့်အချိန်တွင် ပေးပို့ပေးမည်ဖြစ်သည်။
- ပါဝင်ယှဥ်ပြိုင်သူများ ပေးပို့သော ပို့စကတ်များသည် စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း သို့မဟုတ် ဤလှုပ်ရှားမှု၏ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများ တစ်ခုခုနှင့် ကိုက်ညီခြင်းမရှိပါက ပါဝင်ယှဥ်ပြိုင်မှု မရှိဟု သတ်မှတ်မည်ဖြစ်သည်။
ဆက်သွယ်ရန်
- ဆက်သွယ်ရန် – “Dear Rti” ပို့စကတ်လက်ခံရယူခြင်းအဖွဲ့
- တယ်လီဖုန်း – 886-2-2885-6168 (ext 724-726)
- အီးမေးလ် – [email protected]
